မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

9_Pic_05

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၁၉)ရက်နေ့မှစ၍ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဒုံသမိမြစ်ရေဝင်ရောက်မှုကြောင့် ယာယီကယ်ဆယ်ရေး စခန်း (၄)ခုသို့ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ခြေ(၇၆)လုံး၊ အိမ်ထောင်စု(၇၆)စုမှ လူဦးရေ(၄၁၂)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ (၈၆၅,၂၀၀/-) ကျပ်တို့ကို (၈.၈.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#mon_aug2019

Source:   သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events