လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်      ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဇွဲကနာကျေးရွာ၊ မြကိုင်းကျေးရွာ၊ အေးချမ်းသာယာကျေးရွာတို့တွင် (၆-၈-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီးအချိန်၌ လေပြင်း တိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းကြောင့် အိမ်ခြေ(၂)လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်ခြေ(၈)လုံး အမိုးလန်ခြင်းနှင့် ဘေးအကာများပျက်စီးခဲ့ရာ လေပြင်းဘေးခံစားရသော မိသားစု(၁၀)စုမှ လူဦးရေ(၄၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၆၅၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၉၂၄၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၅၇၄၀၀/-) အား (၇-၈-၂၀၁၉)ရက်နေ့တွင်  လေဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#ygn_aug 2019

Sign Up

Upcoming Events