
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ (၇-၈-၂၀၁၉) ရက်နေ့တွင် မြစ်ရေ မြင့်တက်ပြီး ရပ်ကွက်ကျေးရွာများအတွင်းရေဝင်ရောက်မှုကြောင့် ချောင်းငယ်ရပ်ကွက်၊ ရိပ်သာဘုန်းကြီး ကျောင်းနှင့် ဘန်းသဲကျေးရွာဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၃၂) စုမှ လူဦးရေ (၁၅၄) ဦးအတွက် ဆန် (၂၆၉) ပြည် (၄) ဘူးနှင့် (၈-၈-၂၀၁၉) ရက်နေ့တွင် ချောင်းကြီးရပ်ကွက် ဘုန်းကြီးကျောင်းနှင့် တနင်္သာရီ မြို့တော် ခန်းမသို့ ထပ်မံရွှေ့ပြောင်းရသည့် အိမ်ထောင်စု (၂၃) စုမှ လူဦးရေ (၁၀၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၂၈,၉၀၀/-) ကျပ်တို့အား (၈-၈-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့များနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#tny_aug2019