လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာအုပ်စုတွင်(၂-၈-၂၀၁၉)ရက်နေ့၊(၂၀:၃၀)နာရီအချိန်၌ ဖြစ်ပွားသော လေဘေးကြောင် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၅၉)လုံးမှ လူဦးရေ(၄၀၄)ဦးအတွက် အိမ်ဆောက်ဖိုးထောက်ပံ့ငွေကျပ်(၂၈,၆၀,၀၀၀/-)နှင့် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၈,၄၈,၄၀၀/-)တို့အား(၈-၈-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ)

#ha_sgw

#ygn_aug 2019

Sign Up

Upcoming Events