Category Archives: News
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ သစ်စိမ့် ကုန်းကျေးရွာ၌ (၂၃-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထာင်စုစာ တို့ကို (၂၇-၈-၂၀၁၉) ရက်နေ့၊ (၁၀း၄၅) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2019 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ ရွှေညောင်မြို့၊ ရွှေညီလာခန်းမ၌ (၂၆-၈-၂၀၁၉) ရက်နေ့တွင် မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများ၊ လူမှုအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ စုစုပေါင်းလူဦးရေ (၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ ဗမာတိုင်းရင်းသားဝန်ကြီးက အမှာစကားပြောကြာခဲ့ပြီး တက်ရောက်လာသူများမှ ပါဝင်ဆွေးနွေးခြင်း၊ ရေကြီးရေလျှံမှုများအတွက် အဓိကဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_aug2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရမ်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ခရမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွားများမှ စေတနာ့ဝန်ထမ်း(၃၀)ဦးဖြင့် မြို့နယ်အစည်းအဝေးခန်းမ၌ (၂၆-၈-၂၀၁၉) ရက်နေ့မှ (၂၈-၈၂၀၁၉)ရက်နေ့အထိ ဖွင့်လှစ်မည် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို (၂၆-၈-၂၀၁၉)ရက်နေ့တွင် သင်တန်းဖွင့်ပွဲအခမ်းအနားအား ခရမ်း မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Source း ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ygn_aug 2019
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း(၂၆-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကူသပိတ်ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာရှိ ကမ်းပါးပြိုကျ၍ ကြိုတင်ပြောင်းရွေ့အိမ်ထောင်စု(၂)စု၊ လူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ(၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၂၁၈၉၀၀/-)ကျပ်တို့ကို (၂၆-၈-၂၀၁၉)ရက်နေ့(၁၅း၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ha_rbe #npw_aug 2019
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာအုပ်စု၊ အင်းမတောကျေးရွာ၌ (၂၅-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၅၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁၅)အိမ်ထောင်စုစာ၊ အမိုးလန်နေအိမ်(၄၉)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၈၀,၀၀၀/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၆၄)စုမှ လူဦးရေ (၂၇၈)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၈၃,၈၀၀/-) ကျပ်တို့ကို (၂၆-၈-၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှလူမှုရေးဝန်ကြီးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးအခြေခံသင်တန်း (BDMC) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးနှင့် သံတွဲခရိုင်ဦစီးမှူးတို့ပူးပေါင်း၍ (၂၆-၈-၂၀၁၉) ရက်နေ့တွင် သံတွဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအခြေခံသင်တန်း(BDMC) အား ဖွင့်လှစ်ခဲ့ပြီး သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၆-၈-၂၀၁၉) ရက်နေ့မှ (၃၀-၈-၂၀၁၉) ရက်နေ့အထိ (၅)ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source:ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_aug2019
-
ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်မှုပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ (၂၆-၈-၂၀၁၉)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် မကွေးမြို့(အ.မ.က(လွန်)ကျောင်း)ချောင်းဖြူကျေးရွာတွင် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခြင်းနှင့် ငလျင်လှုပ်နေစဉ် ဘေးကင်းစွာနေထိုင်နည်းတို့ကိုဟောပြောခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၂၀၀)ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် (၁၄း၃၀) နာရီတွင် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကိုဆောင်ရွက်ခဲ့ရာ အန္တရာယ်ကင်းစုဝေးရပ်သို့ ဆရာ/ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့တို့၏ကြီးကြပ်မှုဖြင့် ရွှေ့ပြောင်းခြင်း၊ အကာအကွယ်ယူ ခြင်း၊ ဒဏ်ရာရကျောင်းသား/ကျောင်းသူများကို ရှေးဦးသူနာပြုစုကုသခြင်း၊ အရေးပေါ်လူနာများအား သတ်မှတ်ရာဆေးခန်းများသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ပါ ကြောင်း နှင့် သဘာဝဘေးလက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်တွေမြို့နယ်၊ ဗုဒ္ဓမော်ကျောင်းတိုက်သို့ ရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၈) စု၊ လူဦးရေ (၃၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂) ပတ်စာ ထောက်ပံ့ငွေ (၁၄၂,၈၀၀/-) ကျပ်တို့အား (၂၃-၈-၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #rke_aug2019
-
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နည်းပြများ ဖိတ်ခေါ် ၍ (၂၆-၈-၂၀၁၉) ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဘာသာရပ်များ ကို ဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၈-၈-၂၀၁၉) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mdy_aug2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၁၉) ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် မကွေးမြို့နယ်၊ (အ.ထ.က(ခွဲ)မြို့မ) ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ အင်အား (၁၅၀)ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်း စဉ်များအကြောင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း မကွေးတိုင်းဦးစီးမှူးရုံး (ဘစမ) #ar #mgy_aug 2019









