မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နည်းပြများ ဖိတ်ခေါ် ၍ (၂၆-၈-၂၀၁၉) ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဘာသာရပ်များ ကို ဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၈-၈-၂၀၁၉) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#mdy_aug2019

Sign Up

Upcoming Events