တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်တွေမြို့နယ်၊ ဗုဒ္ဓမော်ကျောင်းတိုက်သို့ ရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၈) စု၊ လူဦးရေ (၃၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂) ပတ်စာ ထောက်ပံ့ငွေ (၁၄၂,၈၀၀/-) ကျပ်တို့အား (၂၃-၈-၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)

#otr
#rke_aug2019

Sign Up

Upcoming Events