သဘာဝဘေးအန္တရာယ်လျော့ပါးရေးအခြေခံသင်တန်း (BDMC) ဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးနှင့် သံတွဲခရိုင်ဦစီးမှူးတို့ပူးပေါင်း၍ (၂၆-၈-၂၀၁၉) ရက်နေ့တွင် သံတွဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအခြေခံသင်တန်း(BDMC) အား ဖွင့်လှစ်ခဲ့ပြီး သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၆-၈-၂၀၁၉) ရက်နေ့မှ (၃၀-၈-၂၀၁၉) ရက်နေ့အထိ (၅)ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source:ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#rke_aug2019

Sign Up

Upcoming Events