လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ ရွှေညောင်မြို့၊ ရွှေညီလာခန်းမ၌ (၂၆-၈-၂၀၁၉) ရက်နေ့တွင် မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများ၊ လူမှုအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ စုစုပေါင်းလူဦးရေ (၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ ဗမာတိုင်းရင်းသားဝန်ကြီးက အမှာစကားပြောကြာခဲ့ပြီး တက်ရောက်လာသူများမှ ပါဝင်ဆွေးနွေးခြင်း၊ ရေကြီးရေလျှံမှုများအတွက် အဓိကဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#shn_aug2019
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)