လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာအုပ်စု၊ အင်းမတောကျေးရွာ၌ (၂၅-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၅၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁၅)အိမ်ထောင်စုစာ၊ အမိုးလန်နေအိမ်(၄၉)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၈၀,၀၀၀/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၆၄)စုမှ လူဦးရေ (၂၇၈)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၈၃,၈၀၀/-) ကျပ်တို့ကို (၂၆-၈-၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှလူမှုရေးဝန်ကြီးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_aug2019
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)