လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း(၂၆-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကူသပိတ်ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာရှိ ကမ်းပါးပြိုကျ၍ ကြိုတင်ပြောင်းရွေ့အိမ်ထောင်စု(၂)စု၊ လူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ(၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၂၁၈၉၀၀/-)ကျပ်တို့ကို (၂၆-၈-၂၀၁၉)ရက်နေ့(၁၅း၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Sourceး နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#npw_aug 2019