ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်မှုပြုလုပ်မှုသတင်း

27_Pic_02 27_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ (၂၆-၈-၂၀၁၉)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် မကွေးမြို့(အ.မ.က(လွန်)ကျောင်း)ချောင်းဖြူကျေးရွာတွင် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခြင်းနှင့် ငလျင်လှုပ်နေစဉ် ဘေးကင်းစွာနေထိုင်နည်းတို့ကိုဟောပြောခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၂၀၀)ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် (၁၄း၃၀) နာရီတွင် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကိုဆောင်ရွက်ခဲ့ရာ အန္တရာယ်ကင်းစုဝေးရပ်သို့ ဆရာ/ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့တို့၏ကြီးကြပ်မှုဖြင့် ရွှေ့ပြောင်းခြင်း၊ အကာအကွယ်ယူ ခြင်း၊ ဒဏ်ရာရကျောင်းသား/ကျောင်းသူများကို ရှေးဦးသူနာပြုစုကုသခြင်း၊ အရေးပေါ်လူနာများအား သတ်မှတ်ရာဆေးခန်းများသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ပါ ကြောင်း နှင့် သဘာဝဘေးလက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source း မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar

#mgy_aug 2019

Sign Up

Upcoming Events