Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တနင်္သာရီမြို့နယ်အတွင်းရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့အားပေးမှုများဆောင်ရွက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများနှင့်တနသာၤရီတိုင်းဒေသကြီးအတွင်း ရေနစ်မြုပ်သွားသောစိုက်ပျိုးသီးနှံများ အတွက် ထောက်ပံ့မှုများပေးအပ်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်၊ တနင်္သာရီမြို့သို့ ရောက်ရှိပြီး မြို့နယ်ခန်းမ၌ ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌ ရေဘေးသင့် ပြည်သူများအား အားပေးစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တနင်္သာရီမြို့၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တနင်္သာရီမြို့နယ် အတွင်းရေဘေးဖြစ်ပွားမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် ရေဘေးကယ်ဆယ်ရေးဆောင်ရွက်ပေးရာမှ သက်တမ်းတိုမျိုးစပါးအတွက် … Read more
-
ထားဝယ်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ်များ၏ မိဘများ၊ ဆရာ၊ ဆရာမများ၊ အုပ်ထိန်းသူများနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံမှုသတင်း
စက်တင်ဘာ၊ ၁၊ ၂၀၁၉ ၊ ထားဝယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ယမန်နေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများရှိကလေးငယ်များ၏ မိဘများ၊ ဆရာ၊ဆရာမများ၊ အုပ်ထိန်းသူများနှင့် တွေ့ဆုံ၍ ရှေးဦးအရွယ်ကလေးသူငယ်များ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးကနိုင်ငံတော်၏ လိုအပ်ချက်တစ်ရပ်ဖြစ်သည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်ရန် စွမ်းရည်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များရှိရန်လိုကြောင်း၊ ထို့အတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခုအဖြစ် အသက် (၈) နှစ်အရွယ်အထိ ရှေးဦးအရွယ်ကလေးသူငယ်များပြုစုပျိုးထောင်ရေးနှင့် … Read more
-
ရေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်း ကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာ၌ (၃၁-၈-၂၀၁၉) ရက်နေ့တွင် ရေဝင်ရောက်မှုကြောင့် မျောပါနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၇) ပုံး၊ လူဦးရေ (၉၂) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၉၃,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၉၃,၂၀၀/-) ကျပ်တို့အား (၁-၉-၂၀၁၉) ရက်နေ့ (၁၃:၀၀) … Read more
-
မိုးခေါင်ရေရှားဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သုံးရေလိုအပ်မှုအတွက် နေပြည်တော် Call Centerသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ရာ ဂရုဏာလူမှုကူညီရေးအသင်း। ဥက္ကဌဦးခမ်းညွန့် ထံသို့ ၂” အဝီစိတွင်း (၁)တွင်းအတွက် (၁၇၀၇၃၈၃/-)ကျပ်နှင့် ဂါလံ(၈၀၀)ဆံ့ အုတ်ရေကန် (၁)ကန်အတွက် (၁၁၉၆၁၅၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှု (၂၉၀၃၅၃၃/-)ကျပ်အား (၁.၉.၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ရေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kcn_aug2019
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ယင်း မြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ အကြံပြုချက် သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါတယ်။
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာ ကိစ္စများညှိနှိုင်းဆောင်ရွက်မှုသတင်း
သြဂုတ်လ ၊ ၃၁ ၊ ၂၀၁၉ ၊ ထားဝယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာကိစ္စများကို ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တွေ့ဆုံ၍ ရေးဘေးသင့်ဒေသများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးမှုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။ အစည်အဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ သဘာဝဘေးဖြစ်ပွားလာပါက … Read more
-
ဘေးသင့်ဒေသများရှိ ဘေးသင့်ပြည်သူများအတွက် ပြည်သူများကငွေများနှင့် ပစ္စည်းများကို လာရောက်လှူဒါန်း မှုသတင်း
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေး အန္တရာယ်ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့်ပြည်သူများ အတွက် လှူဒါန်းငွေများနှင့် ပစ္စည်းများကို လက်ခံခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် Myanmar Media 7 နှင့် အနုပညာရှင်များ စီစဉ်ကျင်းပသည့် ဘောလုံးပွဲနှင့် ဂီတဖျော်ဖြေပွဲ ရန်ပုံငွေမှ ငွေကျပ်သိန်း (၅၆၀)နှင့် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၃၁-၈-၂၀၁၉)နေ့၊ နေ့လည် (၁၁:၀၀)မှ (၁၂:၃၀)အချိန်ထိ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပူးပေါင်း၍ မော်လိုက်မြို့နယ်၊ ပန်းသာကျေးရွာ အထက်တန်းကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း(၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2019
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း (၃၀-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဇီးဖြူပင်ကျေးရွာအုပ်စုမှ ပြိုလဲနေအိမ်(၁)လုံး အမိုးလန်နေအိမ်(၁၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ငွေ(၄၂၂၅၀၀/-)နှင့် လူဦးရေ (၆၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၃၈၆၀၀/-)အား လည်းကောင်း ကူးတို့ဆိပ်ကျေးရွာအုပ်စုမှ အမိုးလန်နေအိမ်(၂၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၈၅၀၀၀/-)နှင့် လူဦးရေ(၉၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၀၇၉၀၀/-)အားလည်းကောင်း စုစုပေါင်းထောက်ပံ့ငွေ (၁၃၅၄၀၀၀/-)အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင် နေပြည်တော်တိုင်းဘေးစီမံတိုင်း ဦးစီးမှူးနှင့်အဖွဲ့ဝင်များ ပျဉ်းမနားမြိုနယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ (၃၁.၈.၂၀၁၉)ရက်နေ့ (၁၅:၂၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့သွားရောက် … Read more









