လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း (၃၀-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဇီးဖြူပင်ကျေးရွာအုပ်စုမှ ပြိုလဲနေအိမ်(၁)လုံး အမိုးလန်နေအိမ်(၁၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ငွေ(၄၂၂၅၀၀/-)နှင့် လူဦးရေ (၆၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၃၈၆၀၀/-)အား လည်းကောင်း ကူးတို့ဆိပ်ကျေးရွာအုပ်စုမှ အမိုးလန်နေအိမ်(၂၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၈၅၀၀၀/-)နှင့် လူဦးရေ(၉၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၀၇၉၀၀/-)အားလည်းကောင်း စုစုပေါင်းထောက်ပံ့ငွေ (၁၃၅၄၀၀၀/-)အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင် နေပြည်တော်တိုင်းဘေးစီမံတိုင်း ဦးစီးမှူးနှင့်အဖွဲ့ဝင်များ ပျဉ်းမနားမြိုနယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ (၃၁.၈.၂၀၁၉)ရက်နေ့ (၁၅:၂၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့သွားရောက် ထောက်ပံ့ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
Source: နေပြည်တော်တိုင်းဘေးစီမံတိုင်းဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#npw_sep2019