ထားဝယ်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ်များ၏ မိဘများ၊ ဆရာ၊ ဆရာမများ၊ အုပ်ထိန်းသူများနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံမှုသတင်း

စက်တင်ဘာ၊ ၁၊ ၂၀၁၉ ၊ ထားဝယ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ယမန်နေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများရှိကလေးငယ်များ၏ မိဘများ၊ ဆရာ၊ဆရာမများ၊ အုပ်ထိန်းသူများနှင့် တွေ့ဆုံ၍ ရှေးဦးအရွယ်ကလေးသူငယ်များ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးကနိုင်ငံတော်၏ လိုအပ်ချက်တစ်ရပ်ဖြစ်သည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်ရန် စွမ်းရည်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များရှိရန်လိုကြောင်း၊ ထို့အတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခုအဖြစ် အသက် (၈) နှစ်အရွယ်အထိ ရှေးဦးအရွယ်ကလေးသူငယ်များပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုုင်ရာ နည်းလမ်းများ ဖြင့် ပြုစုလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ထိုတာဝန်ကိုမိမိတို့ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှု အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ၊ ပြည်သူများနှင့် ပူးပေါင်း၍ တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက် ပေးနေကြောင်း၊ မွေးစမှ အသက် (၃) နှစ်အထိ နေ့ကလေးထိန်းအနေဖြင့် ပြုစုစောင့်ရှောက်ခြင်း၊ အသက် (၃) နှစ်မှ (၅) နှစ်အရွယ် အထိမူလ တန်းကြိုအနေဖြင့် ပြုစုလေ့ကျင့်စောင့်ရှောက်ခြင်းများဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် နေ့ကလေးထိန်းကျောင်းများ၊ မူလတန်းကြိုကျောင်းများကို ဦးစားပေးကဏ္ဍအဆင့်ဆင့်ဖြင့် မျှတ အောင်ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊သို့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်တစ်ပြိုင်တည်း ပြည့်စုံလုံလောက်အောင် ဖွင့်လှစ်ပေးနိုင်ရန်အကန့်အသတ်များရှိကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေးဆရာဖြစ်သင်တန်းများဖွင့်၍ စနစ်တကျသင်ကြားပေးပြီးရှေးဦးအရွယ်ကလေးသူငယ်များ ပြုစုပျိူးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုသင်တန်းဆင်းများကသတ်မှတ်ထားသောဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဆက်လက်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ ထို့အပြင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကိုပါ တစ်ပေါင်းတည်း မဖြစ်မ နေထည့်သွင်းစဉ်းစားအကောင်အထည်ဖေါ်ရန် လိုအပ်ကြောင်း၊ ထို့အတွက်လည်းကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေကိုပြဌာန်းပေးပြီးဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးတွင် မိခင်ဝိုင်းများ၊ ကလေး ထိန်းဌာနများ၊ မူလတန်းကြိုကျောင်းများတွင် သာမကနေအိမ်များတွင် မိဘများ၊ မိသားစုဝင်များကပါ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင် အာဟာရအရေးကြီးပုံ၊ ရှေးဦးအရွယ်ကလေးသူငယ်များဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကိုယ်ခန္ဓာပုံမှန်ကြီးထွားခြင်း ရှိ/မရှိ မိမိတို့ကိုယ်တိုင်စောင့်ကြည့်ပြီးသိရှိနိုင်ကြောင်း၊ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုမရှိပါကသက်ဆိုင်ရာကျွမ်းကျင်သူများနှင့် အချိန်မီစစ် ဆေးမှုခံယူသင့်ကြောင်း၊ ကလေးငယ်များ၏ဦးနှောက်ဖွံ့ဖြိုးမှုသည် အသက်(၃)နှစ်အတွင်းအကောင်းဆုံးဖြစ်ကြောင်း၊ ဘဝတစ်လျှောက် သင်ကြား၊ သင်ယူမှု အကောင်းဆုံးရရှိရန် အသက်(၈)နှစ်အတွင်းနည်းစနစ်မှန်စွာဖြင့် လေ့ကျင့်နိုင်မှုအပေါ် မူတည်ကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာကြသူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်း လင်းဖြေကြားခဲ့ကြပြီး ထားဝယ်မြို့နယ်အတွင်းအသစ်ဖွင့်လှစ်မည့် မိခင်ဝိုင်း (၅)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် (၁,၈၂၈,၁၀၀) နှင့် ကလေးငယ်များအားအမှိုက်ကိုစနစ်တကျစွန့်ပစ်ခြင်းအလေ့အကျင့်ရရှိအောင် သရုပ်ပြလေ့ကျင့်ပေးခြင်းနှင့် ကလေးငယ်များ အားကစားစရာနှင့် အာဟာရမုန့်များပေးဝေခဲ့ပြီးရေကြီးရေလျှံမှုတွင် အသုံးပြုနိုင်မည့် ဖိုက်ဘာစက်လှေ(၅)စီးအတွက် ငွေကျပ် (၉၇.၅) သိန်းကိုပေးအပ်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါ သည်။

Source: MOSWRR

#hl1
#tny_Sep2019

Sign Up

Upcoming Events