ရေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်း ကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာ၌ (၃၁-၈-၂၀၁၉) ရက်နေ့တွင် ရေဝင်ရောက်မှုကြောင့် မျောပါနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၇) ပုံး၊ လူဦးရေ (၉၂) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၉၃,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၉၃,၂၀၀/-) ကျပ်တို့အား (၁-၉-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fld

#bgo_Sep2019

Sign Up

Upcoming Events