ဘေးသင့်ဒေသများရှိ ဘေးသင့်ပြည်သူများအတွက် ပြည်သူများကငွေများနှင့် ပစ္စည်းများကို လာရောက်လှူဒါန်း မှုသတင်း

 

1_ pic_01

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်           ယနေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေး အန္တရာယ်ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့်ပြည်သူများ  အတွက် လှူဒါန်းငွေများနှင့် ပစ္စည်းများကို လက်ခံခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် Myanmar Media 7 နှင့် အနုပညာရှင်များ စီစဉ်ကျင်းပသည့် ဘောလုံးပွဲနှင့် ဂီတဖျော်ဖြေပွဲ ရန်ပုံငွေမှ ငွေကျပ်သိန်း (၅၆၀)နှင့် Skynet စက် (၂)စုံ၊  မြန်မာနိုင်ငံဂီတအစည်းအရုံး( ဗဟို) မှ ငွေကျပ် (၅၈)သိန်း၊ AEON အဖွဲ့(၅)ဖွဲ့မှ အမေရိကန်ဒေါ်လာ ၃၅,၀၀၀၊ UEHRD (ရန်ကုန်ရုံးခွဲ)မှ  ငွေကျပ် (၃၉)သိန်း၊ မန်နေဂျင်းဒါရိုက်တာ သုဓမ္မသီင်္ဂီဒေါ်အေးစန္ဒာနှင့် ဝန်ထမ်းမိသားစုများမှ ငွေကျပ် သိန်း(၃၀)၊ အ.ထ.က(၂) မင်္ဂလာဒုံ ကျောင်းအုပ်ချုပ်ရေးတာဝန်ခံအရာရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းမိသားစုများမှ ငွေကျပ် (၆)သိန်းနှင့် ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းက ငွေကျပ် (၁)သိန်း (၄)သောင်း တန်ဖိုးရှိ လူအသုံး အဆောင်ပစ္စည်းများကို အသီးသီးပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဘေးသင့်ဒေသရှိ ပြည်သူများအတွက် ကူညီထောက်ပံ့မှုများကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေသို့တိုက်ရိုက်ထည့်၍ လိုအပ်သော ပြည်သူများအတွက် အလျင်အမြန် တုန့်ပြန် ဆောင်ရွက်ရန် ကိစ္စများတွင် စိစစ်သုံးစွဲသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: MoSWRR

#hl1

#ygn_sep2019

 

 

Sign Up

Upcoming Events