Category Archives: News
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်၊ ကော့ခလိန်ကျေးရွာနှင့် ကြာအင်းချောင်းကျေးရွာတို့၌ (၂၇ – ၉ – ၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောသော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၉၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ(၁၂)အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၅,၂၀ဝ/-) ကျပ်တို့ကို (၁-၁၀-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း … Read more
-
(၃၅) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management-ACDM) အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပပြုလုပ်မှုသတင်း
အောက်တိုဘာ ၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် (၃၅) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို (၁-၁၀-၂၀၁၉) နေ့မှ (၄-၁၀-၂၀၁၉)နေ့အထိ ရွှေစံအိမ် ဟိုတယ်၊ နေပြည်တော်၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်လျက်ရှိပါသည်။ အဆိုပါအစည်းအဝေး၏ ပထမနေ့အဖြစ် (၃၅) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို ယနေ့ နံနက် (၉:၀၀)နာရီအချိန်တွင် ရွှေစံအိမ်ဟိုတယ်၌ကျင်းပပြုလုပ်ရာ အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ (ACDM) ၏အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင် နှင့် ပူးတွဲဥက္ကဋ္ဌဖြစ်သူ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့တွင် ကျင်းပသော စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပညီလာခံသို့တက်ရောက်မှုသတင်း
နေပြည်တော်၊ အောက်တိုဘာ ၁ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၁)ရက် နေ့က ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုလ်းမြို့တွင် ကျင်းပသော စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပ ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ ညီလာခံဖွင့်ပွဲအခမ်းအနားကို ကိုရီးယားအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ Ms. Young-Ae Choi က အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် သက်ကြီးရွယ်အိုများ အပါအဝင်ပဋိသန္ဓေတည်သည်မှစတင်၍ လူငယ်များ၊ အမျိုးသမီးများအပါအဝင် လူ့အသိုက်အဝန်း အားလုံး၏ လူ့အခွင့်အရေးတိုးမြှင့်ရေးနှင့် … Read more
-
သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)တို့ ပူးပေါင်း၍ (၁.၁၀.၂၀၁၉)ရက်နေ့ နံနက်(၀၉:၄၀)အချိန်၌ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးသံတမန်များ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းနှင့် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေးအထောက်အကူပြု ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားအား ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှတက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး၊ တောင်ကုတ်မြို့နယ်မှဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တောင်ကုတ်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ(၄၅)ရွာမှ သင်တန်းသားရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးများနှင့် စေတနာ့ဝန်ထမ်း (VOLUNTEER)များစုစုပေါင်း လူဉီးရေ(၅၅)ဦးတက်ရောက်ခဲ့၍ သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်း သတင်း ရရှိပါသည်။ … Read more
-
ချောင်းရိုးတူးဖော်ရန် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဉီးစီးဌာန၊ ညောင်ဉီးခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဉီးမြို့နယ်၊ ကန်နီပေါက်ကျေးရွာ အုပ်စု၊ ကန်နီပေါက်ကျေးရွာရှိ ချောင်းရိုးအား စက်ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်မည့် ကုန်ကျငွေ (၇,၇၆၈,၀၀၀) ကျပ်ကို (၃၀-၉-၂၀၁၉)ရက်နေ့တွင် ညောင်ဉီးခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ခရိုင်အုပ်ချုပ်ရေးမှူး၊ ကန်နီပေါက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလေးမြို့၊ အောင်မေတ္တာရပ်ကွက်၌ (၂၇-၉-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မြစ်သာမြစ် ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်တို့ကိုလည်းကောင်း၊ (၂၈-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးသင့်ဆွမ်းစားကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်တို့ကို (၃၀-၉-၂၀၁၉) … Read more
-
ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတွင် (၂၇.၉.၂၀၁၉)ရက်နေ့၌ ချင်းတွင်းရေမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀ဝိ/-)ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု (၄)စုမှ လူဦးရေ (၁၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၃၃၆၀ဝိ/-)ကျပ် တို့အား (၃၀-၉-၂၀၁၉)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_sep2019 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်မှု ဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၉-၂၀၁၉) ရက်နေ့၌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဗောဓိပင်ကျေးရွာအုပ်စု၊ ဗောဓိပင်ကျေးရွာ၊ ဖန်ခါးကုန်းကျေးရွာနှင့် ကျာင်းစုကျေးရွာတို့တွင် ဖြစ်ပွားခဲ့သောလေဘေးမှလေဘေးသင့် ပြိုလဲနေအိမ်(၉)လုံး၊ အမိုးလန်ဘုန်းတောြ်ကီး ကျောင်း(၁) ကျောင်းတို့်အ တွက်ကျောင်း/အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀၀)ကျပ်၊ ပြိုလဲနေအိမ် (၉) လုံးနှင့် အမိုးလန်နေအိမ်(၅၄)လုံးတို့ရှိ လူဦးရေ(၂၉၆)ဦးတို့အတွက် ဆန်ရိက္ခာ(၇)စာဖိုး ထောက်ပံ့ငွေ (၆၂၁,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၆၂၁,၆၀၀) ကျပ်နှင့်ပြိုလဲနေအိမ်(၉)လုံး အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုးပါ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၉-၂၀၁၉) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကွေ့ချောင်းရပ်ကွက်နှင့်ဘလားကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတို့တွင်ဖြစ်ပွားခဲ့သော လေဘေးမှ လေဘေးသင့်အမိုးလန်နေအိမ် (၇)လုံးတို့ရှိ လူဦးရေ(၂၈)ဦးတို့အတွက် ဆန်ရိက္ခာ(၇)စာဖိုး ထောက်ပံ့ငွေ(၅၈၈၀ဝိ)၊ စုစုပေါင်း ထောက်ပံ့ငွေ(၅၈၈၀ဝိ/)အား (၃၀-၉-၂၀၁၉) ရက်နေ့နံနက်(၁၂:၀၀)အချိန်တွင် ပဲခူးတိုင်းဒေသ ကြီးသာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_sep2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









