လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်၊ ကော့ခလိန်ကျေးရွာနှင့် ကြာအင်းချောင်းကျေးရွာတို့၌ (၂၇ – ၉ – ၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောသော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၉၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ(၁၂)အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၅,၂၀ဝ/-) ကျပ်တို့ကို (၁-၁၀-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ha_sgw
#mon_oct2019
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)