ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

 

30_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတွင် (၂၇.၉.၂၀၁၉)ရက်နေ့၌ ချင်းတွင်းရေမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀ဝိ/-)ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု (၄)စုမှ လူဦးရေ (၁၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၃၃၆၀ဝိ/-)ကျပ် တို့အား (၃၀-၉-၂၀၁၉)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_rbe

#mgy_sep2019

Source:         ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events