
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်မှု ဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၉-၂၀၁၉) ရက်နေ့၌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဗောဓိပင်ကျေးရွာအုပ်စု၊ ဗောဓိပင်ကျေးရွာ၊ ဖန်ခါးကုန်းကျေးရွာနှင့် ကျာင်းစုကျေးရွာတို့တွင် ဖြစ်ပွားခဲ့သောလေဘေးမှလေဘေးသင့် ပြိုလဲနေအိမ်(၉)လုံး၊ အမိုးလန်ဘုန်းတောြ်ကီး ကျောင်း(၁) ကျောင်းတို့်အ တွက်ကျောင်း/အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀၀)ကျပ်၊ ပြိုလဲနေအိမ် (၉) လုံးနှင့် အမိုးလန်နေအိမ်(၅၄)လုံးတို့ရှိ လူဦးရေ(၂၉၆)ဦးတို့အတွက် ဆန်ရိက္ခာ(၇)စာဖိုး ထောက်ပံ့ငွေ (၆၂၁,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၆၂၁,၆၀၀) ကျပ်နှင့်ပြိုလဲနေအိမ်(၉)လုံး အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုးပါ (၉)အိမ်ထောင်စာတို့အား (၃၀-၉-၂၀၁၉) ရက်နေ့နံနက်(၁၀:၃၀)အချိန်တွင် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)