လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)တို့ ပူးပေါင်း၍ (၁.၁၀.၂၀၁၉)ရက်နေ့ နံနက်(၀၉:၄၀)အချိန်၌ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးသံတမန်များ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းနှင့် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေးအထောက်အကူပြု ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားအား ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှတက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး၊ တောင်ကုတ်မြို့နယ်မှဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တောင်ကုတ်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ(၄၅)ရွာမှ သင်တန်းသားရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးများနှင့် စေတနာ့ဝန်ထမ်း (VOLUNTEER)များစုစုပေါင်း လူဉီးရေ(၅၅)ဦးတက်ရောက်ခဲ့၍ သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်း သတင်း ရရှိပါသည်။
#ar
#rke_oct2019
Source: သံတွဲခရိုင်ဉီးစီးမှူးရုံး (ဘစမ)