လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၉-၂၀၁၉) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကွေ့ချောင်းရပ်ကွက်နှင့်ဘလားကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတို့တွင်ဖြစ်ပွားခဲ့သော လေဘေးမှ လေဘေးသင့်အမိုးလန်နေအိမ် (၇)လုံးတို့ရှိ လူဦးရေ(၂၈)ဦးတို့အတွက် ဆန်ရိက္ခာ(၇)စာဖိုး ထောက်ပံ့ငွေ(၅၈၈၀ဝိ)၊ စုစုပေါင်း ထောက်ပံ့ငွေ(၅၈၈၀ဝိ/)အား (၃၀-၉-၂၀၁၉) ရက်နေ့နံနက်(၁၂:၀၀)အချိန်တွင် ပဲခူးတိုင်းဒေသ ကြီးသာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_sep2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)