လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဉီးစီးဌာန၊ ညောင်ဉီးခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဉီးမြို့နယ်၊ ကန်နီပေါက်ကျေးရွာ အုပ်စု၊ ကန်နီပေါက်ကျေးရွာရှိ ချောင်းရိုးအား စက်ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်မည့် ကုန်ကျငွေ (၇,၇၆၈,၀၀၀) ကျပ်ကို (၃၀-၉-၂၀၁၉)ရက်နေ့တွင် ညောင်ဉီးခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ခရိုင်အုပ်ချုပ်ရေးမှူး၊ ကန်နီပေါက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။