Category Archives: News
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့၊မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ++++++++++++++++++++++++++++++++++++++++++++++++++++ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ ++++++++++++++++++++++++++++++++++++++++++++++++++++ “အကြံပြုချက်” မိုးလေဝသအခြေအနေများသည် အချိန်နှင့်အမျှပြောင်းလဲဖြစ်ပေါ်နေသည့်အတွက် တရားဝင်သတင်းထုတ်ပြန်ချက်များကိုသတိပြုနားထောင်နိုင်ပါရန် အကြံပြုအပ်ပါသည်။
-
သောက်သုံးရေ ထောက်ပံ့လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားကပ်စံပြကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာရှိ အိမ်ထောင်စု (၁၂၅) စု ၊ လူဦးရေ (၅၅၀) ဦး တို့အတွက် ရေသန့်လီတာ (၃၀၀၀) အား (၂၂-၁၀-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #krn_oct2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၁၀-၂၀၁၉) ရက်နေ့၊ (၂၃:၃၀) နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၊ အကွက်(၁၂) ဆယ်အိမ်စုလမ်း၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၆) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂၇) ဦးတို့အတွက် (၇) ရက်စာဆန်ဖိုးငွေ (၅၆,၇၀၀/-) ကျပ်၊ စုစုပေါင်း (၇၅၆,၇၀၀/-) ကျပ်အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၅) စုစာ … Read more
-
ကချင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာရသူများ (IDPs)ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြစ်ကြီးနားမြို့၊ ကချင် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ယနေ့နေ့လယ်ပိုင်း၌ ကျင်းပခဲ့ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကချင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည် နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ လုပ်ငန်းအဖွဲ့ဝင်များဖြစ်ကြသော ကချင်ပြည် နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း၊ လူမှုရေးဝန်ကြီးဦးနေဝင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး(ဗိုလ်မှူးကြီး) ဗိုလ်မှူးကြီး ထွန်းနေလင်း ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ … Read more
-
ကချင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာရသူများ (IDPs)ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့ တိုက်ပွဲရှောင်ပြည်သူများအား ဆက်လက်တွေ့ဆုံထောက်ပံ့
ကချင်ပြည်နယ်သို့ရောက်ရှိနေသော ကချင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည် နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဗန်းမော်မြို့ နှစ်(၂၀၀၀) နှစ်ခြင်းတိုက်ပွဲရှောင်စခန်း၌ နေထိုင်လျက် ရှိကြသော တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက မိမိမူလနေရပ်ကျေးရွာများသို့ ဂုဏ်သိက္ခာ ရှိရှိလုံခြုံစွာဖြင့် ပြန်လည်အခြေချနေထိုင်နိုင်ရေး အတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ လက်တလောဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊ ရေတို/ရေရှည်စီမံချက် ချမှတ်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များ၊ အခက်အခဲများကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဗန်းမော်မြို့နယ်အတွင်းရှိ လီဆူ ၊ နှစ် … Read more
-
မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ စက်တန်းကျေးရွာတွင် (၂၀-၁၀-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃) ဦး အတွက် ဆန်ရိက္ခါ (၇) ရက်စာငွေ (၆,၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၂၁-၁၀-၂၀၁၉) … Read more
-
မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၉-၁၀-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မုဒုံမြို့၊ မြို့မ (၂) ရက်ကွက်၊ ဘုရားလေးဆူအရှေ့ပိုင်း၊ ခေမာရပ်ကွက်တွင် မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀၀၀-/) ကျပ်၊ မီးဘေးသင့် လူဦးရေ (၃) ဦးအတွက် (၇) ရက်စာဆန် ဖိုးငွေ (၆၃၀၀-/) ကျပ်အား (၂၁-၁၀-၂၀၁၉) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် မီးဘေးသင့် ပြည်သူထံ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ နိဗ္ဗာန်ကျွန်း ကျေးရွာတွင် (၂၀-၁၀-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု(၃) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၆) ဦး အတွက် ဆန်ရိက္ခါ (၇) ရက်စာငွေ (၃၃,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၃,၆၀၀/-) ကျပ်အား (၂၁-၁၀-၂၀၁၉) ရက်နေ့ (၁၄:၄၅) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန် ရှိသူများသည် (၁၉-၁၀-၂၀၁၉) ရက်နေ့၌ ဘီးလင်းမြို့နယ်၊ ဘိုးလှကြီးရပ်ကွက်ရှိ အရက်စက်ရုံမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာ (၄) ဦးအတွက် ထောက်ပံ့ငွေ (၂) သိန်းကျပ်အား (၂၁-၁၀-၂၀၁၉) ရက်နေ့(၁၃:၀၀) နာရီအချိန်တွင် မီးဘေးသင့်ပြည်သူထံလက်ဝယ်အရောက် သွားရောက်၍ထောက် ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_oct2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ် ရွှေသီးကျေးရွာ၊ ငဖရုံကျေးရွာ၊ ဝါးနက်ရုံကျေးရွာ၊ စေတီတောင်ကျေးရွာ၊ ခွဆုံကျေးရွာ၊ ဘူးသီး တောင်မြို့၊ တောင်ရပ်ကွက်၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၊ ဒုံးသိမ်ကျေးရွာ၊ စက်ခေါ် ကျေးရွာ၊ ကျောက်စာတိုင်ကျေးရွာ၊ ဖုံညိုလိပ်ကျေးရွာ၊ သိန်းတန်ကျေးရွာ၊ ဝရကျွန်းကျေးရွာ၊ ဆေးအိုးကျကျေးရွာ၊ ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်း စသည့် စုရပ်စခန်း (၁၄) ခုတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၀၀)၊ လူဦးရေ (၅၇၅၇) ဦးအတွက် ဆန်ရိက္ခာ (၁၄) … Read more









