ကချင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာရသူများ (IDPs)ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့ တိုက်ပွဲရှောင်ပြည်သူများအား ဆက်လက်တွေ့ဆုံထောက်ပံ့

22_Pic_01

ကချင်ပြည်နယ်သို့ရောက်ရှိနေသော ကချင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည် နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဗန်းမော်မြို့ နှစ်(၂၀၀၀) နှစ်ခြင်းတိုက်ပွဲရှောင်စခန်း၌ နေထိုင်လျက် ရှိကြသော တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက မိမိမူလနေရပ်ကျေးရွာများသို့ ဂုဏ်သိက္ခာ ရှိရှိလုံခြုံစွာဖြင့် ပြန်လည်အခြေချနေထိုင်နိုင်ရေး အတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ လက်တလောဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊ ရေတို/ရေရှည်စီမံချက် ချမှတ်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များ၊ အခက်အခဲများကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဗန်းမော်မြို့နယ်အတွင်းရှိ လီဆူ ၊ နှစ် (၂၀၀၀) ၊ ရောဘတ်၊ ထွယ်ဆန် ၊ နှစ်ခြင်း (မူရင်း) ၊ ဖန်ခါးကုန်း စသည့်တိုက်ပွဲရှောင်စခန်း (၆) ခုရှိ အိမ်ထောင်စု(၁၁၇၂)စုမှ လူဉီးရေ(၆၇၅၈) ဦးအတွက် ရိက္ခာဖိုးငွေ (၆၀၈၂၂၀ဝိ/-)၊ မွေးကင်းစကလေးငယ် (၃၄)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀ဝိ/-) နှုန်းဖြင့် ငွေကျပ်(၁,၀၂ဝ,ဝဝဝိ/-) ကို ဒုတိယဝန်ကြီးနှင့်အဖွဲ့က ပေးအပ်ရာ စခန်းတာဝန်ခံများနှင့် အဖွဲ့က လက်ခံရယူကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးမောက်မြို့ RC Camp ရှိ တိုက်ပွဲရှောင်ပြည်သူများ နှင့်တွေ့ဆုံခဲ့ပြီး စခန်းအတွင်းနေထိုင်မှုအခြေအနေများ၊ လိုအပ်ချက်များ၊ မိမိတို့၏ ဆန္ဒနှင့်အညီ ဂုဏ်သိက္ခာရှိစွာ ဖြင့် မူလနေရပ်များသို့ ပြန်လည်အခြေချနေထိုင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကာ RC ၊ နှစ်ခြင်းနှင့် မန္တလေးကျောင်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၆၆၇)စု ၊ လူဦးရေ(၃၂၂၇)ဦးအတွက် ငွေကျပ်(၂,၉၀၄,၃ဝဝိ/-)၊ မွေးကင်းစကလေးငယ် (၁၆)ဉီး၊ ကိုယ်ဝန်ဆောင်မိခင် (၉)ဦးနှင့် သက်ကြီးဘိုးဘွား (၁၁)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀ဝိ/-)နှုန်းဖြင့် ငွေကျပ်(၁,၀၈ဝ,ဝဝဝိ/-)ကို ဒုတိယဝန်ကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပေးအပ်ရာ စခန်းတာဝန်ခံများနှင့်အဖွဲ့က လက်ခံရယူကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးမောက်မြို့မှ မြစ်ကြီးနားမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။ ၂၁-၁၀-၂၀၁၉ ရက်နေ့ ခရီးစဉ်တွင် တိုက်ပွဲရှောင်ပြည်သူများအတွက် စုစုပေါင်း ငွေကျပ် (၁၁,၀၈၆,၅ဝဝိ/-) ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl2

#kcn_0ct2019

၂၁-၁၀-၂၀၁၉၊ ဗန်းမော်၊ မိုးမောက်

 

Sign Up

Upcoming Events