တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

21_Pic_01

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ် ရွှေသီးကျေးရွာ၊ ငဖရုံကျေးရွာ၊ ဝါးနက်ရုံကျေးရွာ၊ စေတီတောင်ကျေးရွာ၊ ခွဆုံကျေးရွာ၊ ဘူးသီး တောင်မြို့၊ တောင်ရပ်ကွက်၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၊ ဒုံးသိမ်ကျေးရွာ၊ စက်ခေါ် ကျေးရွာ၊ ကျောက်စာတိုင်ကျေးရွာ၊ ဖုံညိုလိပ်ကျေးရွာ၊ သိန်းတန်ကျေးရွာ၊ ဝရကျွန်းကျေးရွာ၊ ဆေးအိုးကျကျေးရွာ၊ ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်း စသည့် စုရပ်စခန်း (၁၄) ခုတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၀၀)၊ လူဦးရေ (၅၇၅၇) ဦးအတွက် ဆန်ရိက္ခာ (၁၄) ရက်စာ ဆန် (၈၃၉) အိတ်၊ (၁၃) ပြည်၊ (၄) ဘူးအား (၂၀-၁၀-၂၀၁၉) ရက်နေ့၌ ထောင်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#rke_oct2019

Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events