မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

22_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၁၀-၂၀၁၉) ရက်နေ့၊ (၂၃:၃၀) နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၊ အကွက်(၁၂) ဆယ်အိမ်စုလမ်း၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့်  ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၆) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂၇) ဦးတို့အတွက် (၇) ရက်စာဆန်ဖိုးငွေ (၅၆,၇၀၀/-) ကျပ်၊ စုစုပေါင်း (၇၅၆,၇၀၀/-) ကျပ်အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၅) စုစာ (တန်ဖိုးငွေ-၁၈၆,၇၆၅/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၁) စုစာ (တန်ဖိုးငွေ-၃၄,၅၀၃/-) ကျပ်၊ စုစုပေါင်း (တန်ဖိုးငွေ-၂၂၁,၂၆၈/-) ကျပ် တို့အား (၂၁-၁၀-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_fir

#mon_oct2019

Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events