လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ စက်တန်းကျေးရွာတွင် (၂၀-၁၀-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃) ဦး အတွက် ဆန်ရိက္ခါ (၇) ရက်စာငွေ (၆,၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၂၁-၁၀-၂၀၁၉) ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_oct2019
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)