မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

21_Pic_01

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊‌ ‌မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၉-၁၀-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မုဒုံမြို့၊ မြို့မ (၂) ရက်ကွက်၊ ဘုရားလေးဆူအ‌ရှေ့ပိုင်း၊‌ ခေမာရပ်ကွက်တွင် မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀၀၀-/) ကျပ်၊ မီးဘေးသင့် လူဦးရေ (၃) ဦးအတွက်  (၇) ရက်စာဆန် ဖိုးငွေ (၆၃၀၀-/) ကျပ်အား (၂၁-၁၀-၂၀၁၉) ရက်နေ့ (၁၃:၃၀)  နာရီအချိန်တွင် မီးဘေးသင့် ပြည်သူထံ လက်ဝယ်အ‌ရောက်သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#mon_oct2019

Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events