ကချင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာရသူများ (IDPs)ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

22_Pic_02ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြစ်ကြီးနားမြို့၊ ကချင် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ယနေ့နေ့လယ်ပိုင်း၌ ကျင်းပခဲ့ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကချင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည် နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ လုပ်ငန်းအဖွဲ့ဝင်များဖြစ်ကြသော ကချင်ပြည် နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း၊ လူမှုရေးဝန်ကြီးဦးနေဝင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး(ဗိုလ်မှူးကြီး) ဗိုလ်မှူးကြီး ထွန်းနေလင်း ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ KHCCမှ ကိုယ်စားလှယ်များ၊ UN Core Group နှင့် Red Cross Movement မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ ကြပါသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ကချင်ပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများမိမိတို့၏ မူလနေရပ်ကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြသူအားလုံးကိုကျေးဇူးတင်ပါကြောင်း၊ မိမိတို့၏ ဆန္ဒများနှင့်အညီ ဂုဏ်သိက္ခာရှိစွာဖြင့် မူလနေရပ်ကျေးရွာများသို့ ပြန်လည်နေထိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းပြီး ညှိနှိုင်းဖြေရှင်းဆောင်ရွက် သွားကြမှသာ တိုက်ပွဲရှောင်ပြည်သူများ၏ ဘဝရပ်တည်ရေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ အားလုံး ညှိနှိုင်းပြီး အကောင်းဆုံး နည်းလမ်းများဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ လုံခြုံစိတ်ချစွာ မိမိတို့နေရပ် ပြန်နိုင်မည့် ဦးစားပေးနေရာများရွေးချယ်၍ ပြောင်းရွှေ့ပေးရေးသည် ပထမဦးစားပေးဖြစ်ပါကြောင်း၊ အခြေခံ လိုအပ်ချက်များဖြစ်သည့် နေအိမ်များဆောက်လုပ်ပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ မိုင်းရှင်းလင်းရေး၊ လယ်ယာမြေများပြန်လည်ဖော်ထုတ်ပေးရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ပေးရေး စသည့် အချက်များကို ဆောင်ရွက်ပေးကြမည်ဖြစ်ပါကြောင်း၊ အားလုံးဝိုင်းဝန်းပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲ ရှောင်ပြည်သူများ ဂုဏ်သိက္ခာရှိရှိလုံခြုံစွာဖြင့် မိမိမူလနေရပ်သို့ ပြန်နိုင်ရေးအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၏ လမ်းညွှန်မှုနှင့်အညီ မိမိဦးဆောင်သည့် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းအဖွဲ့ အစည်းအဝေးများကို နေပြည်တော်တွင် (၂)ကြိမ် ကျင်းပခဲ့ပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးအတွက် ၄င်းတို့၏ဆန္ဒနှင့်ညီ ညှိနှိုင်းဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ၄င်းတို့၏ ဆန္ဒအား ကိုယ်တိုင်ကိုယ်ကျ မေးမြန်းသိရှိနိုင်ရန်အတွက် နေရပ်ပြန်ပြီးသူများ၏ ကျေးရွာများ၊ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအားလာရောက်တွေ့ဆုံခဲ့ပါကြောင်း၊ ၄င်းတို့၏ တင်ပြချက်အရ လုံခြုံရေး၊ နေအိမ်ဆောက်လုပ်ပေးရေး၊ ကျန်းမာရေး ၊ပညာရေး ၊စိုက်ပျိုးမွေးမြူရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး စသည်တို့အား ဆက်လက်ကူညီပံ့ပို့သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက် ရန်အတွက် ၊ UN/ INGO ၊Red Cross Movement တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ UN/INGO များအနေဖြင့် မိမိတို့ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ရှင်းလင်း တင်ပြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကချင်တိုက်ပွဲရှောင်များ နေရပ်ပြန်ရေးကူညီဆောင်ရွက်ပေးနိုင်ရန် ကချင် ဘာသာရေး ခေါင်းဆောင်များဖြင့် ဦးဆောင်ဖွဲ့စည်းထားသော Kachin Humanitarian Concern Committee (KHCC)မှ ဖာသာရ်နောဧနော်လတ် ၊ UNOCHA၊ UNHCR၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ICRC တို့မှ ကိုယ်စားလှယ်များက အသီးသီးဆွေးနွေးတင်ပြကြပြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl2

#kcn_0ct2019

၂၁-၁၀-၂၀၁၉၊ မြစ်ကြီးနား

 

Sign Up

Upcoming Events