လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ နိဗ္ဗာန်ကျွန်း ကျေးရွာတွင် (၂၀-၁၀-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု(၃) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၆) ဦး အတွက် ဆန်ရိက္ခါ (၇) ရက်စာငွေ (၃၃,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၃,၆၀၀/-) ကျပ်အား (၂၁-၁၀-၂၀၁၉) ရက်နေ့ (၁၄:၄၅) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_oct2019
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)