Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဘုံသာဘုန်းကြီးကျောင်း၌ (၁၉-၁၁-၂၀၁၉)ရက်နေ့ (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာသူ/သား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_nov2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၈-၁၁-၂၀၁၉ )ရက် နေ့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ (၁၃:၀၀) နာရီမှ ( ၁၄: ၄၅ )နာရီအထိ ကျေးရွာသူ / သား (၆၅) ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၁၁-၂၀၁၉) ရက်နေ့၊ (၁၄:၀၀)နာရီမှ (၁၆:၀၀) နာရီအချိန်အထိ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၊ လှိုင်မြရှင်ဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများပေးအပ်ခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲခြောက်များပေးဝေခြင်းတို့ဆောင်ရွက်ခဲ့ရာ ရပ်ကွက်သူ/သား စုစုပေါင်း (၁၇၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #bgo_nov2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မိုးခေါင်ရေရှားဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် ဘေးဒဏ်ခံနိုင်ရည်ရှိစေရေးအတွက် မူဝါဒပိုင်း ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်
နိုဝင်ဘာ ၁၈ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၊ ကုလသမဂ္ဂအာရှပစိဖိတ်စီးပွားရေးနှင့် လူမှုရေးကော်မရှင် (United Nations Economic and Social Commission for Asia and Pacific-UNESCAP) တို့ ပူးပေါင်းလေ့လာမှုဖြင့် Ready for the Dry Years: Building Resilience to Drought in South-East Asia အားအစီရင်ခံစာကို ပြုစုခဲ့ပြီး၊ အဆိုပါအစီရင်ခံစာအား ၂၀၁၉ခုနှစ်၊ ဧပြီလအတွင်း၊ … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နိုဝင်ဘာ ၁၈ ၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ (၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ကော်မတီဒုတိယဥက္ကဌ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ ကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၁၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာအုပ်စု၊ ဘော်လီ (ဘင်္ဂါလီ)ကျေးရွာ၊ ဘုရားပြင်အောင်ပကျေးရွာအုပ်စု၊ အောင်ပ (ဘင်္ဂါလီ)ကျေးရွာ၊ ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ဖိုးခေါင်ချောင်း(ဘင်္ဂါလီ)ကျေးရွာ၊ သေကံခွဆုံကျေးရွာအုပ်စု၊ ခွဆုံ (ဘင်္ဂါလီ)ကျေးရွာ၊ ပေါင်း စုရပ် (၄) ခုရှိ တိုက်ပွဲရှောင်ပြည်သူ၊ အိမ်ထောင်စု(၁၃၇)စု၊ လူဦးရေ (၆၇၉) ဦးအတွက် ဆန်ရိက္ခာ (၁)လစာ၊ ဆန် (၂၁၂) အိတ် ၊ (၄) ပြည် ၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးမိတ်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအုပ်စု၊ လက်ခုပ်ပင်ကျေးရွာ၌ (၁၈-၁၁-၂၀၁၉) ရက်နေ့၊ မွန်းတည့် (၁၂:၀၀)နာရီအချိန်မှ မွန်းလွဲ(၁၃:၀၀)နာရီအချိန်အထိ ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ရာ ကျေးရွာနေပြည်သူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2019 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ မအူချောင်းကျေးရွာ၌ (၁၅-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်(၁) စုမှ လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး နှင့်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄၂၀ဝ/-) ကျပ် အား (၁၈-၁၁-၂၀၁၉) ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် ဘေးသင့်သူများအား … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ပိန်းအင်းကျေးရွာအုပ်စု၊ ကျွဲခေါင်းကျေးရွာတွင် (၉-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ(၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၆၃၀ဝ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၀၀၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၆၃၀ဝ/-) ကျပ် နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာတို့အား (၁၈-၁၁-၂၀၁၉) ရက်နေ့၌ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာ၌ (၁၅-၁၁-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-) ကျပ်တို့ကို (၁၈-၁၁-၂၀၁၉) ရက်နေ့တွင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ငါးလန်ကျေးရွာအုပ်ချုပ် ရေးမှူးထံသို့ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_rbe #mgy_nov2019 Source: … Read more









