သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

 

Gangaw

လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၈-၁၁-၂၀၁၉ )ရက် နေ့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ (၁၃:၀၀) နာရီမှ ( ၁၄: ၄၅ )နာရီအထိ ကျေးရွာသူ / သား (၆၅) ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mgy_nov2019

source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events