လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၁၁-၂၀၁၉) ရက်နေ့၊ (၁၄:၀၀)နာရီမှ (၁၆:၀၀) နာရီအချိန်အထိ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၊ လှိုင်မြရှင်ဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများပေးအပ်ခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲခြောက်များပေးဝေခြင်းတို့ဆောင်ရွက်ခဲ့ရာ ရပ်ကွက်သူ/သား စုစုပေါင်း (၁၇၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#bgo_nov2019
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)