လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးမိတ်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအုပ်စု၊ လက်ခုပ်ပင်ကျေးရွာ၌ (၁၈-၁၁-၂၀၁၉) ရက်နေ့၊ မွန်းတည့် (၁၂:၀၀)နာရီအချိန်မှ မွန်းလွဲ(၁၃:၀၀)နာရီအချိန်အထိ ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ရာ ကျေးရွာနေပြည်သူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_nov2019
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)