လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာ၌ (၁၅-၁၁-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-) ကျပ်တို့ကို (၁၈-၁၁-၂၀၁၉) ရက်နေ့တွင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ငါးလန်ကျေးရွာအုပ်ချုပ် ရေးမှူးထံသို့ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_rbe
#mgy_nov2019
Source: ရေစကြို့မြို့နယ်ဦးစီးမှူးရုံး(ဘစမ)