လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၁၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာအုပ်စု၊ ဘော်လီ (ဘင်္ဂါလီ)ကျေးရွာ၊ ဘုရားပြင်အောင်ပကျေးရွာအုပ်စု၊ အောင်ပ (ဘင်္ဂါလီ)ကျေးရွာ၊ ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ဖိုးခေါင်ချောင်း(ဘင်္ဂါလီ)ကျေးရွာ၊ သေကံခွဆုံကျေးရွာအုပ်စု၊ ခွဆုံ (ဘင်္ဂါလီ)ကျေးရွာ၊ ပေါင်း စုရပ် (၄) ခုရှိ တိုက်ပွဲရှောင်ပြည်သူ၊ အိမ်ထောင်စု(၁၃၇)စု၊ လူဦးရေ (၆၇၉) ဦးအတွက် ဆန်ရိက္ခာ (၁)လစာ၊ ဆန် (၂၁၂) အိတ် ၊ (၄) ပြည် ၊ (၄) ဘူးအား သွားရောက်ထောက်ပံပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_nov2019
source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)