Category Archives: News
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၀-၂၀၁၉) ရက်နေ့တွင် သီပေါမြို့နယ်၊ မိုင်းလင်းကျေးရွာအုပ်စုတွင် မီးလောင်မှုကြောင့် ပျက်စီးခဲ့သော မြောက်ရွာ ဘုန်းတော်ကြီးကျောင်း၌ အသစ်ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သော (၁၁လိုင်းပါ ၇ပေ) အမိုးသွပ် (၄၀၀) ချပ်အား (၂၁-၁-၂၀၂၀) ရက်နေ့(၁၀:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir # shn_jan2020
-
အသိပညာပေးဗီနိုင်းဆိုင်းဘုတ်အသစ်တပ်ဆင်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာသီအလိုက် ဖြစ်ပွားတတ်သောဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများသိရှိစေရန် အတွက် အသိပညာပေးဗီနိုင်းဆိုင်းဘုတ်ပိုစတာကို ဇမ္မူသီရိမြို့နယ်၊ အင်ကြင်းဈေး တွင်( ၂၁ – ၁ – ၂၀၂၀ ) ရက်နေ့၌ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ #npw_jan2020 Source: ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုနှင့် ကမ်းပါးပြိုကျနေမှုအား သွားရောက်စစ်ဆေးကူညီဆောင်ရွက်ခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီမှ(၁၅:၀၀)နာရီအချိန်အထိ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ သစ်ချီပင်ကျေးရွာအုပ်စု၊ သစ်ချီပင် ကျေးရွာဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံ ကပ်ပိုစတာများပေးအပ်ခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲခြောက်များပေးဝေခြင်း တို့ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သား စုစုပေါင်း(၁၅၀) ဦး ခန့်တက်ရောက် ခဲ့ပါသည်။ ထို့နောက် သစ်ချီပင်ကမ်းပါးပြိုကျနေမှုအား သွားရောက်စစ်ဆေး၍ ပညာရေးဝန်ကြီး တာဝန်ရှိသူများနှင့်အတူ ကမ်းပါးအနီးရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း ကြံ့ခိုင်မှုအား သွားရောက်စစ်ဆေးခဲ့ကြ ပါသည်။ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဂျိုဝါကျောက်ရဲကျေးရွာအုပ်စု၊ ဂျိုဝါထလွန်ကျေးရွာဘုန်းကြီးကျောင်း၌ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများတွေ့ဆုံပွဲတွင် ဌာန၏ ဆောင်ရွက်နေမှုများနှင့် သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်း ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သား စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့၌ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ အ.ထ.က(၂)ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များ စုစုပေါင်း (၃၇၀) တို့အား သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_jan2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာ ဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာ၊ ရာအိမ်မှူးအိမ်၌ (၂၁-၁-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၅:ဝ၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန် /ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ ပိုစတာများ၊ ဗီနိုင်းများ၊ ငလျင်ယပ်တောင်များ၊ ငလျင်ဇာတ်တိုက်စာအုပ်များ၊ ငလျင်ရုပ်ပြစာအုပ်များနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ရာ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချူပ် ရေးမှူးနှင့် ကျေးရွာသူ/သား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
မုန်တိုင်းဘေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် ပြည်ခရိုင်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန် ရှိသူများ စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများနှင့်အတူအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ ရန်ကုန်ပြည်လမ်းနှင့်အရှေ့လမ်းဆုံတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ် တုံ့ပြန် ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို ပြည်သူများ သိရှိစေရန် အတွက် (၉ ပေ ၆ ပေ ) မုန်တိုင်းဘေး အသိပညာပေးမြေစိုက်ဆိုင်းဘုတ်အား သွားရောက်စိုက်ထူခဲ့ပါကြောင်း သတင်း ရရှိ ပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံး … Read more
-
Myanmar Disaster Management Programme (၆) နှစ် စီမံကိန်းအစီအစဉ် ပြီးမြောက်ခြင်း အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနနှင့် USFS တို့က USAID ၏ အထောက်အပံ့ဖြင့် ပူးပေါင်းဆောင်ရွက် ခဲ့သော Myanmar Disaster Management Programme (၆) နှစ်စီမံကိန်းအစီအစဉ် ပြီးမြောက်ခြင်းအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့၌ နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ၊ USAID, OFDA, USFS နှင့် WFP တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ … Read more
-
မုန်တိုင်းဘေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများနှင့်အတူ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးရုံးထောင့်ကံကြီးလမ်းနှင့် ဗိုလ်ရုံလမ်းဆုံတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို ပြည်သူများ သိရှိစေရန် အတွက် (၉ ပေ ၆ ပေ ) မုန်တိုင်းဘေး အသိပညာပေးဆိုင်းဘုတ်အား သွားရောက်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ) #ar_str #bgo_jan2020
-
ပန္နက်တင်အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် ရေကြည်မြို့နယ်ဦးစီးမှူးရုံး (၅၀x၃၀x၂၈) RCC နှစ်ထပ်ရုံး ဆောက်လုပ်ရန်အတွက် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့နှင့်တူ ပန္နက် တင်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_jan2020









