သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့၌ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ အ.ထ.က(၂)ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များ စုစုပေါင်း (၃၇၀) တို့အား သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရရှိပါသည်။

Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#krn_jan2020

Sign Up

Upcoming Events