လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများနှင့်အတူ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးရုံးထောင့်ကံကြီးလမ်းနှင့် ဗိုလ်ရုံလမ်းဆုံတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို ပြည်သူများ သိရှိစေရန် အတွက် (၉ ပေ ၆ ပေ ) မုန်တိုင်းဘေး အသိပညာပေးဆိုင်းဘုတ်အား သွားရောက်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ)
#ar_str
#bgo_jan2020