လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဂျိုဝါကျောက်ရဲကျေးရွာအုပ်စု၊ ဂျိုဝါထလွန်ကျေးရွာဘုန်းကြီးကျောင်း၌ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများတွေ့ဆုံပွဲတွင် ဌာန၏ ဆောင်ရွက်နေမှုများနှင့် သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်း ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သား စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_jan2020