လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာသီအလိုက် ဖြစ်ပွားတတ်သောဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများသိရှိစေရန် အတွက် အသိပညာပေးဗီနိုင်းဆိုင်းဘုတ်ပိုစတာကို ဇမ္မူသီရိမြို့နယ်၊ အင်ကြင်းဈေး တွင်( ၂၁ – ၁ – ၂၀၂၀ ) ရက်နေ့၌ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
#npw_jan2020
Source: ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)