သဘာဝဘေးအသိပညာပေးဟောပြောမှုနှင့် ကမ်းပါးပြိုကျနေမှုအား သွားရောက်စစ်ဆေးကူညီဆောင်ရွက်ခြင်းသတင်း

 

 

22_ Pic _ 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီမှ(၁၅:၀၀)နာရီအချိန်အထိ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ သစ်ချီပင်ကျေးရွာအုပ်စု၊ သစ်ချီပင် ကျေးရွာဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံ ကပ်ပိုစတာများပေးအပ်ခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲခြောက်များပေးဝေခြင်း တို့ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သား စုစုပေါင်း(၁၅၀) ဦး ခန့်တက်ရောက် ခဲ့ပါသည်။ ထို့နောက် သစ်ချီပင်ကမ်းပါးပြိုကျနေမှုအား သွားရောက်စစ်ဆေး၍ ပညာရေးဝန်ကြီး တာဝန်ရှိသူများနှင့်အတူ ကမ်းပါးအနီးရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း ကြံ့ခိုင်မှုအား သွားရောက်စစ်ဆေးခဲ့ကြ ပါသည်။ ထို့သို့စစ်ဆေးပြီးနောက် ကမ်းပါးပြိုကျမှုသက်သာစေရန် ကျေးရွာသူ/သားများ ကိုယ်ထူ ကိုယ်ထ အရေးပေါ်မြေထိန်းနံရံတည်ဆောက်နိုင်ရန် ဆွေးနွေး၍ မြေထိန်းနံရံဒီဇိုင်းရေးဆွဲကူညီ ဆောင်ရွက်ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#bgo_jan2020

 

 

Sign Up

Upcoming Events