မုန်တိုင်းဘေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် ပြည်ခရိုင်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန် ရှိသူများ စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများနှင့်အတူအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ ရန်ကုန်ပြည်လမ်းနှင့်အရှေ့လမ်းဆုံတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ် တုံ့ပြန် ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို ပြည်သူများ သိရှိစေရန် အတွက် (၉ ပေ ၆ ပေ ) မုန်တိုင်းဘေး အသိပညာပေးမြေစိုက်ဆိုင်းဘုတ်အား သွားရောက်စိုက်ထူခဲ့ပါကြောင်း သတင်း ရရှိ ပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ)

#ar_str
#bgo_jan2020

Sign Up

Upcoming Events