Myanmar Disaster Management Programme (၆) နှစ် စီမံကိန်းအစီအစဉ် ပြီးမြောက်ခြင်း အခမ်းအနားကျင်းပပြုလုပ်မှုသတင်း

21_Pic_01 21_Pic_02 21_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနနှင့် USFS တို့က USAID ၏ အထောက်အပံ့ဖြင့် ပူးပေါင်းဆောင်ရွက် ခဲ့သော Myanmar Disaster Management Programme (၆) နှစ်စီမံကိန်းအစီအစဉ် ပြီးမြောက်ခြင်းအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့၌ နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ၊ USAID, OFDA, USFS နှင့် WFP တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် OFDA မှ Ms. Deborah Murphy တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
Myanmar Disaster Management Programme စီမံကိန်းအစီအစဉ်အား ၂၀၁၃ ခုနှစ်မှ စတင်ခဲ့ပြီး ၎င်းစီမံကိန်းအောက်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၏ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Center)၏ လုပ်ငန်းလည်ပတ်မှု စနစ်ပုံစံအား မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိသည့်ပုံစံရရှိလာစေရေး ဆောင်ရွက်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းများ ဆောင်ရွက်ခြင်း၊ နည်းပညာအထောက်အကူပေးခြင်း၊ မြန်မာ နိုင်ငံ၏ သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုလုပ်ငန်းများ ဆောင်ရွက်ပုံနှင့်စပ်လျဉ်း၍ သုံးသပ်မှု ဆောင်ရွက်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉပဒေ (၂၀၁၃)နှင့် နည်းဉပဒေများ (၂၀၁၅) တို့နှင့် စပ်လျဉ်း၍ ကနဉီးသုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး စုစုပေါင်း တက်ရောက်သူ (၃၀) ဉီးခန့်ရှိကြောင်း သိရှိရပါသည်။
#npw_jan2020
Source: EOC

Sign Up

Upcoming Events