Category Archives: News
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၌ (၂၇-၁-၂၀၂၀) ရက်နေ့ (၁၀း၃၀)နာရီ အချိန်မှ (၁၁း၃၀) နာရီအချိန်အထိ သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်နေပြည်သူ (၇၀) ဦးခန့် တက် ရောက်ခဲ့ပြီး သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jan2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၆ – ၁ -၂၀၂၀ ) ရက်နေ့၊ ( ၁၃ : ၀၀ )နာရီမှ ( ၁၅ : ၀၀ ) နာရီအချိန်အထိ ရေဦးမြို့၊ “ပန်းပျိုးမြေ” ကိုယ်ပိုင်အထက်တန်းအဆင့် စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေး ဆွေးနွေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသူ၊ ကျောင်းသား (၁၅၀) ဦးအား လက်ကမ်းစာစောင်များ၊ … Read more
-
မန္တလေးမြို့၊ နားမကြားသောကလေးများကျောင်းသို့ နှင့် လူငယ်သင်တန်းကျောင်းရှိ ကလေးလူငယ်များ တွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်
ဇန်နဝါရီ၂၆၊မန္တလေး မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော နားမကြားသော ကလေးများကျောင်းသို့ ဂျပန်နိုင်ငံ၊ Kyoshin Company က အမေရိကန်ဒေါ်လာ (၁၀၀၀၀) လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ အဆိုပါကျောင်း၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံ၊ Kyoshin Company အနေဖြင့် မန္တလေးမြို့၊ နားမကြားသောကလေးများကျောင်းသို့ နှစ်စဉ်လာရောက်မှုသည် (၂၂) ကြိမ်မြောက်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနနှင့် … Read more
-
(၂၆-၁-၂၀၂၀)ရက်နေ့အတွက် အနိမ့်ဆုံးအပူချိန်စံချိန်သစ်များ
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် သည့် အနိမ့်ဆုံးအပူချိန်စံချိန်သစ်များကို အောက်ပါအတိုင်းထုတ်ပြန်ထားပါသည်။
-
သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ ရွှေပြည်သာကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာ(နန်စီပွန်)တွင် (၁၄-၁-၂၀၂၀) ရက်နေ့၌ စွန့်ပစ်မြေစာပုံပိ၍ သေဆုံးခဲ့သူ(၂)ဦး၏ မိသားစုဝင်များအား (၂၅-၁-၂၀၂၀) ရက်နေ့(၁၂း၃၀)နာရီအချိန်တွင် သေဆုံးသူ(၁)ဦးလျှင်ငွေကျပ်(၃၀၀၀၀၀/-)စီဖြင့် သေဆုံးသူ(၂)ဦးအတွက် စုစုပေါင်းငွေကျပ် (၆၀၀၀၀၀/-)အား ကွင်းဆင်း ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #sgg_jan2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC) ၏ စံပြုလုပ်ငန်းစဉ်များအတိုင်း လက်တွေ့သဏ္ဍာန်တူ လေ့ကျင့်ခန်းများပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ ၂၅ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် US Forest Survey (USFS), USAID တို့နှင့်ပူးပေါင်း၍ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၏ စံပြုလုပ်ငန်းစဉ် (Standard Operation Procedures-SOP) ကို ရေးဆွဲ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ စံပြုလုပ်ငန်းစဉ်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်မှုအခြေအနေကို ဆန်းစစ်နိုင်ရန်အတွက် “ဌာနတွင်း လက်တွေ့ သဏ္ဍာန်တူလေ့ကျင့်ခန်း”ကို ၂၀၂၀ ပြည်နှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) … Read more
-
ပဲခူးတိုင်းဒေသကြီး၊ မဒေါက်ဒေသ ဂျောင်းတာကျွေးရွာအုပ်စု ကျေးရွာချင်းဆက် တံတားဖွင့်ပွဲနှင့် ပြွန်တန်ဆာမြို့၊ မူလတန်းကြိုကျောင်း ပန္နက်တင်ပွဲသို့ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်
ဇန်နဝါရီ ၂၅ ၊ ပြွန်တန်ဆာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပဲခူးတိုင်းဒေသကြီး၊ မဒေါက်ဒေသ ဂျောင်းတာကျွေးရွာအုပ်စု ကျေးရွာချင်းဆက် မေတ္တာပေါင်းကူးတံတား ဖွင့်ပွဲနှင့် ပြွန်တန်ဆာမြို့၊ မူလတန်းကြိုကျောင်း ပန္နတင်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ဂျောင်းတာကျေးရွာသို့ရောက်ရှိပြီး ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ညောင်လေးပင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဂျောင်းတာကျေးရွာအုပ်စု ရပ်မိရပ်ဖတစ်ဦးတို့နှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေနှင့် ညောင်လေးပင်မြို့နယ်၊ မဒေါက်ဒေသ ဂျောင်းတာကျေးရွာအုပ်စုမှပြည်သူများ၏ ပူးပေါင်းထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောက်လုပ်ထားသော ဂျောင်းတာကျေးရွာအုပ်စု ကျေးရွာချင်းဆက် မေတ္တာပေါင်းကူးတံတား ကို … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) နေ့၊ နေ့လည် (၁၃:၀၀) နာရီ မှ (၁၅:၀၀) နာရီထိ အခြေခံပညာမူလတန်းလွန်ကျောင်း (နမ့်တုတ်) တွင် ဆရာ ၊ဆရာမ၊ ကျောင်းသား ၊ကျောင်းသူ တက်ရောက်သူ စုစုပေါင်း (၁၀၀) အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေး ဟောပြေါဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ် ချက်များ၊ ဘေး (၈) မျိုး ဆောင်ရန်၊ ရှောင်ရန်များ ၊ ကျောင်းသား … Read more
-
သဘာဝဘေးအသိပညာများ ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၂၀)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၁း၀၀)နာရီမှ (၁၂း၀၀)နာရီထိ ရွှေဘိုမြို့နယ် စည်သာကျေးရွာမှ ကျေးရွာသူ/သား(၅၀)ဦးခန့်အားလည်းကောင်း၊ (၁၂း၃၀)နာရီမှ(၁၃း၃၀)နာရီထိ ခွန်တာင်းငယ်ကျေးရွာမှ ကျေးရွာသူ/သား(၅၀)ဦးခန့်အားလည်းကောင်း၊ (၁၄း၀၀)နာရီမှ (၁၅း၀၀)နာရီထိ မိကျောင်းပင်ကျေးရွာမှ ကျေးရွာသူ/သား(၇၀)ဦး ခန့်အား လည်းကောင်း သဘာဝဘေးအသိပညာများ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jan2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) နေ့၊ နံနက် (၁၀:၃၀) နာရီ မှ (၁၂:၀၀) နာရီထိ အခြေခံပညာအလယ်တန်းကျောင်း (ဝမ်စစ်) တွင် ဆရာ ၊ဆရာမ၊ ကျောင်းသား ၊ကျောင်းသူ တက်ရောက်သူ စုစုပေါင်း (၁၁၀) အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက် များ၊ ဘေး (၈) မျိုး ဆောင်ရန်၊ ရှောင်ရန်များ ၊ … Read more









