သဘာဝဘေးအသိပညာများ ဆွေးနွေးဟောပြောမှုသတင်း

25_Pic_01 25_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၂၀)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၁း၀၀)နာရီမှ (၁၂း၀၀)နာရီထိ ရွှေဘိုမြို့နယ် စည်သာကျေးရွာမှ ကျေးရွာသူ/သား(၅၀)ဦးခန့်အားလည်းကောင်း၊ (၁၂း၃၀)နာရီမှ(၁၃း၃၀)နာရီထိ ခွန်တာင်းငယ်ကျေးရွာမှ ကျေးရွာသူ/သား(၅၀)ဦးခန့်အားလည်းကောင်း၊ (၁၄း၀၀)နာရီမှ (၁၅း၀၀)နာရီထိ မိကျောင်းပင်ကျေးရွာမှ ကျေးရွာသူ/သား(၇၀)ဦး ခန့်အား လည်းကောင်း သဘာဝဘေးအသိပညာများ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#sgg_jan2020

Source:  ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events