သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

25_Pic_03 25_Pic_04
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) နေ့၊ နံနက် (၁၀:၃၀) နာရီ မှ (၁၂:၀၀) နာရီထိ အခြေခံပညာအလယ်တန်းကျောင်း (ဝမ်စစ်) တွင် ဆရာ ၊ဆရာမ၊ ကျောင်းသား ၊ကျောင်းသူ တက်ရောက်သူ စုစုပေါင်း (၁၁၀) အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက် များ၊ ဘေး (၈) မျိုး ဆောင်ရန်၊ ရှောင်ရန်များ ၊ ကျောင်းသား ၊ကျောင်းသူ များအား ရာသီဥတု ပြောင်းလဲမှုကြောင့် အပူရှိန်မြှင့်တက်လာနိုင်မှုများ၊ နောက်ဆက်တွဲ ဘေးအန္တရာယ်များ၊ ဖြစ်ပေါ်လာနိုင်မှုအခြေအနေများကို အသေးစိတ်ဆွေးနွေးပြီး သိလိုသည့် မေးမြန်းချက်များ ကိုပြန်လည်ဖြေကြားပေးခြင်း၊ ငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက နေထိုင်ရမည့် အနေအထားများကို လက်တွေ့သရုပ်ပြသခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်း၊ ဘေး (၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သဘာဝဘေးမှတ်တမ်း (Video) ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

#ar
#shn_jan2020
Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events