လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၆ – ၁ -၂၀၂၀ ) ရက်နေ့၊ ( ၁၃ : ၀၀ )နာရီမှ ( ၁၅ : ၀၀ ) နာရီအချိန်အထိ ရေဦးမြို့၊ “ပန်းပျိုးမြေ” ကိုယ်ပိုင်အထက်တန်းအဆင့် စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေး ဆွေးနွေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသူ၊ ကျောင်းသား (၁၅၀) ဦးအား လက်ကမ်းစာစောင်များ၊ ဗလာစာအုပ်နှင့် ဘောပင်များကို ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_jan2020
Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)